တော် (ဒီးန်) နဲ့ ပတ်သတ်တဲ့ အမိန့်တော် တွေ ၊ လိုက်နာရန် ၊ ရှောင်ကြဉ်
ရန်အလုံးစုံကို ပြီးပြည့်စုံအောင် မိန့်တော်မူထားပြီးဖြစ်ပါတယ်။ ဒီးန်သာသ
နာတော်ဟာ ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် အာယသ်
တော် (၅း၃) မှာ အတိအလင်းကို ကြေညာတော်မူထားပါတယ်။
".....ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာ
သနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ကျေးဇူးတော်
များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင်
ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်သာသနာတော်
အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။...."
တစ်ကယ်လို့သာ ကိုယ်တော်မြတ် (ဆွ) နောက်ပိုင်းမှာလည်းအခြားနဗီတမန်
တော် တစ်ပါးပါး (သို့) နဗီတမန်တော်တွေ ပွင့်ပေါ်ရန် ရှိမယ်ဆိုရင် ပွင့်ပေါ်မဲ့
နဗီတမန်တော်နဲ့အဲဒီတမန်တော်အပေါ်ချပေးမဲ့ဝဟီဗျာဒိတ်တော်တွေကို သက်
ဝင်ယုံကြည်ဖို့မုချဧကန်ကျမ်းတော်မြတ် မှာ အလ္လာဟ်အရှင်မြတ်ကမိန့်တော်
မူ ဗျာဒိတ်တော်မှတ်တော်မူထားမှာသာဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်
မတိုင်ခင် က ပို့ချတော်မူခဲ့တဲ့ကျမ်းတွေ သတင်းစကားတွေ ဟာ ယနေ့ကာလ
မှာ မူရင်းအတိုင်းမရှိတော့ပါဘူး။ လူသားတွေရဲ့ပြင်ဆင်စွက်ဖက်မှုတွေနဲ့ပျက်စီး
ယိုယွင်းသွားပါပြီ။ သို့ပေမဲ့လည်း ကိုယ်တော်မြတ် (ဆွ) ပွင့်ပေါ်တော်မူမယ့်
သတင်းစကားတွေကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ထိန်းသိမ်းစောင့်ရှောက်မှုနဲ့
အဲဒီကျမ်းတွေမှာ ယနေ့တိုင်ရှိနေပါသေးတယ်။ (Old Testament Book
of Deuteronomy 18:18, Isaiah 29:12, Song of Solomon 5:16)
(New Testament John 14:16, John 16:7)
ကိုယ်တော်မြတ် (ဆွ) ရဲ့ရွှေနှုတ်တော်ကလည်းပဲ အနာဂတ်မှာ နဗီတမန်တော်
တစ်ပါးပါးပွင့်ပေါ်ရန်ရှိကြောင်း၊ မုစ်လင်မ်တိုင်းဟာ အဲဒီတမန်တော်ကို လိုက်နာ
(အသွာအသ်) လုပ်ရန် လိုအပ်ကြောင်း ဘယ်တုန်းကမှ မိန့်တော်မူခဲ့တာမရှိပါ
ဘူး။ နဗီတမန်တော်ပွင့်ပေါ်ခြင်းဆိုတာ အလွန်ကို အရေးကြီးတဲ့ သတင်းစကား
ကြီးတစ်ရပ်ပါ။ သာသနာတော်အတွက်အလွန်အရေးကြီးတဲ့သတင်းစကားကြီး
တစ်ရပ်ကို အလ္လာဟ်အရှင်မြတ်ကလည်း အသိမပေးထား၊ ကိုယ်တော်မြတ်(ဆွ)
ကလည်း အသိမပေးထား ဆိုတာက ဘာကြောင့်ပါလဲ? စဉ်းစားဆင်ခြင်ဥာဏ်
ရှိတဲ့သူတိုင်းအတွက် မေးခွန်းထုတ်စရာပါဘဲ။ အမှန်ကတော့ ပွင့်စရာနဗီတမန်
တော် ကို မရှိတော့တာပါ။ အဲဒါကြောင့်လည်း ကျမ်းတော်မြတ်ကုရ်အာန်မှာ
ရော ကိုယ်တော်မြတ်ရဲ့ ရွှေနှုတ်တော်လာ ဩဝါဒမွန်တွေမှာပါ နဗီတမန်တော်
အသစ်ပွင့်ရန်ရှိကြောင်း ၊ ဝဟီဗျာဒိတ်တော်အသစ် ကျရောက်မှာဖြစ်ကြောင်း
မိန့်ဆိုထားတာတွေ လုံးဝ မရှိတာဖြစ်ပါတယ်။ မုစ်လင်မ်တွေအနေနဲ့ကိုယ်
တော်မြတ် (ဆွ) အပေါ်ချပေးသနားတော်မူတဲ့ ဝဟီဗျာဒိတ်တော်တွေနဲ့
ကိုယ်တော်မြတ် (ဆွ) မတိုင်ခင် နဗီတမန်တော်တွေအပေါ်ချပေးသနား
တော်မူခဲ့တဲ့ ဝဟီဗျာဒိတ်တော်တွေ အပေါ်ဘဲ အီမာန်တည်ယုံကြည်ရမှာဖြစ်
ကြောင်း အာယသ်တော်သက်သေအထောက်အထားတွေ တင်ပြပေးပါရစေ။
ကျမ်းတော်မြတ် ၊ အာယသ်တော် (၂း၎၊ ၂း၅)
"ထို့ပြင် ထိုသူတော်စင်များသည် အသင့်ထံသို့ထုတ်ပြန် ပို့ချသော(ကုရ်အာန်)ကျမ်းမြတ်ကို၊
အသင့်အလျင် ရှေးပဝေ သဏီက (ပွင့်လေပြီးသော နဗီတမန် တော်များထံသို့) ထုတ်ပြန်
ပို့ချသောကျမ်းဂန်များကို၎င်း၊ ယုံကြည်ကြ၏။ ထို့ပြင် တ၀ ထိုသူတော်စင်များသည်
တမလွန်ဘ၀ကိုလည်း အမှန်ဟူ၍ သံသယကင်းစွာ ယုံကြည် ကြကုန်၏။"
သဒ္ဓမ္မတရားလမ်းပေါ်၌တည်ရှိကြကုန်၏။ ထိုသူတော်စင်များသည် သာလျှင်အောင်မြင်
သူများ ဖြစ်ကြကုန်သတည်း။"
အထက်ပါ အာယသ်တော် အရ ကိုယ်တော်မြတ် (ဆွ) နဲ့ ရှေးနဗီတမန်တော်တွေထံ
ထုတ်ပြန်ပို့ချတဲ့ ကျမ်းဂန်တွေ (ဝဟီဗျာဒိတ်) အပေါ်မှာ အီမာန်တည်ယုံကြည်ကြသူ
တွေဟာ ဖြောင့်မတ်မှန်ကန်တဲ့လမ်းပေါ်မှာတည်နေပြီး၊ အောင်မြင်သူတွေသာဖြစ်
ကြတယ် ဆိုတာကို သိရပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်သုလ်ဖွာသိဟဟ်
(ကဏ္ဍ-၁) ကနေ စူရဟ်သုန်နားစ် (ကဏ္ဍ-၁၁၄) အထိ ကိုယ်တော်မြတ် (ဆွ) နဲ့ ရှေး
နဗီတမန်တော်တွေထံထုတ်ပြန်ပို့ချတဲ့ ကျမ်းဂန်တွေ (ဝဟီဗျာဒိတ်တွေ) အပေါ်မှာ
ဘဲ အီမာန်တည်ယုံကြည်ကြဖို့ အမိန့်ပေးထားတာဖြစ်ပါတယ်။ အခြားဘယ်နဗီ၊
ဘယ်ဝဟီ ကို မှ အီမာန်တည်ဖို့ မိန့်တော်မူထားခြင်းလုံးဝမရှိပါ။ နောက်အာယသ်
တော် တစ်ပိုဒ်က.....
ကျမ်းတော်မြတ် ၊ အာယသ်တော် (၄း၁၆၃)
ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ် နှင့် ယင်း (နဗီတမန်တော် နူဟ်)
၏နောက်၌ပွင့်ခဲ့ကြလေသော နဗီ တမန်တော်တို့ထံသို့ (၀ဟ်ယ်) အမိန့်ဗျာဒိတ်တော်များ
ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အီစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်)
အစ္စမာအီလ်၊(နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊(ထို နဗီတမန်တော်
ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင်ပွင့်လေသော နဗီတမန်တော်များ)၊ (နဗီတမန်တော်)
အီစာ၊(နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊(နဗီတမန်တော်) ဟာရူန် နှင့်
(နဗီတမန်တော်) စုလိုင်မာန်တို့ထံသို့(၀ဟ်ယ်)အမိန့်ဗျာဒိတ် တော်များပို့တော်မူဘိ သကဲ့သို့၎င်း၊
(နဗီတမန်တော်) ဒါဝူဒ် အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊
အသင့်ထံသို့လည်း (၀ဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။
အထက်ပါ အာယသ်တော် မှာ ကိုယ်တော်မြတ် (ဆွ) နဲ့ ကိုယ်တော်မြတ် (ဆွ) အလျှင်
နဗီတမန်တော်တွေ အပေါ်ဝဟီဗျာဒိတ်တော်ချပေးတော်မူခဲ့ကြောင်း အလ္လာဟ်အရှင်
မြတ် က အသိပေးတော်မူထားပါတယ်။ ကိုယ်တော်မြတ် (ဆွ) ရဲ့ နောက်မှာလည်း
နဗီတမန်တော်တစ်ပါးပါး အပေါ် ဝဟီ ချပေးမယ် ဆိုတဲ့ အကြောင်းမိန့်တော်မူထားခြင်း
လုံးဝမရှိပါဘူး။
ကျမ်းတော်မြတ် ၊ အာယသ်တော် (၂း၄၁)
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့)အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူ သာ
(ကုရ်အာန်) ကျမ်းကို နာယူယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်
ကျမ်းတော်မြတ်သည်) သင်တို့လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ
အတည်ပြုလျက်ရှိသောကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်)
ကျမ်းတော်မြတ်ကို ဦးစွာပဌမငြင်းဆိုသူများ မဖြစ် ကြကုန်လင့်။ ထို့ပြင်တ၀ အသင်တို့သည်
အနည်းငယ် မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာ များကို လဲလှယ်ရောင်း
ချခြင်း မပြုကြကုန်လင့်၊အသင်တို့သည် ငါအရှင်မြတ် ကိုသာလျှင်ကြောက်ရွံ့ ကြကုန်လော့။
အထက်ပါအာယသ်တော်ကတော့ အဟ်လိကိသားဗ် ယဟူဒီ တွေ ကို အလ္လာဟ်အရှင်
မြတ်က ကျမ်းတော်မြတ် ကုရ်အာန်ကို အီမာန်တည်ယုံကြည်ကြဖို့မိန့်တော်မူထားခြင်း
ပါ။ ကျမ်းတော်မြတ် ကုရ်အာန် ကလွဲလို့ အခြား ဘယ် နဗီရဲ့ဘယ်ဝဟီ ဆိုတာကိုမှ
ယုံကြည်ဖို့မိန့်တော်မူထားခြင်းမရှိပါဘူး။
ကျမ်းတော်မြတ် ၊ အာယသ်တော် (၂း၉၇)
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင်
မည်သူမဆိုအပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊(သို့ရန်မူခြင်းသည်
အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်
သည်ထို(ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံး
တွင်းသို့ ယူ ဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်)ယူဆောင်
ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထား သော (ယဟူဒီဘာသာဝင်တို့၏
ကျမ်းဂန်နှင့်တကွ)အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည်တရားဓမ္မ
လည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။
အထက်ပါအာယသ်တော်မှာ ကျမ်းတော်မြတ် ကုရ်အာန် ဟာ ရှေးအတိတ်ခေတ်ကျမ်းဂန်
များကိုထောက်ခံကြောင်းသာ အလ္လာဟ်အရှင်မြတ် က မိန့်တော်မူထားပါတယ်။
ကိုယ်တော်မြတ် (ဆွ) နဲ့ ကျမ်းတော်မြတ်ကုရ်အာန် နောက် အခြားဘယ်နဗီအသစ်
ဘယ်ဝဟီအသစ်မျှ မရှိကြောင်း ကျမ်းတော်မြတ် ကုရ်အာန် အာယသ်တော်များ
ကို သက်သေအထောက်အထားများအဖြစ်ပြု၍ တင်ပြလိုက်ရပါသည်။








